လိုအပ်သူများအတွက်

အလွယ်တကူရှာဖွေ ဖတ်ရှုနိုင်ရန်အတွက် အင်တာနက်မှ ရှာဖွေစုစည်းထားခြင်းဖြစ်ပါသည်။ မိမိကိုယ်တိုင်ရေးသားချက်များမဟုတ်ကြောင်း ၀န်ခံပါတယ်။

Saturday, September 13, 2014




ကမ္ဘာကြီး ပူနွေးလာခြင်းဆိုသည်မှာ ၂၀ ရာစုနှစ် အလယ်ပိုင်းကာလမှစ၍ ကမ္ဘာ့မြေမျက်နှာပြင်နှင့် နီးကပ်သည့် လေထုနှင့် ပင်လယ်ရေ အပူချိန် တိုးမြင့်လာခြင်းကို ညွှန်းဆိုသည်။ လက်ရှိတွင်လည်း အပူချိန် ဆက်လက် တိုးမြင့်နေဆဲ ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအကြား အဖွဲ့အစည်း၏ (Intergovernmental Panel on Climate Change, IPCC) ၂၀၀၇ ခုနှစ်တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ ၂၀ ရာစုနှစ်အတွင်း ကမ္ဘာ့မျက်နှာပြင်၏ အပူချိန် 0.74 ± 0.18 °C (1.33 ± 0.32 °F) တိုးမြင့်လာသည်ဟု ဆိုသည်။၂၀ ရာစုနှစ် လယ်ပိုင်းကာလမှ စတင်ကာ ပညာရှင်များ ကမ္ဘာ့အပူချိန် တိုးမြင့်လာခြင်းကို စောင့်ကြည့်ခဲ့ရာ ရေနံ ကဲ့သို့သော ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများ အသုံးချခြင်း၊ သစ်တောများ ခုတ်ထွင်ခြင်းစသည့် လူသားများ၏ အပြုအမူမှ ဖြစ်ထွန်းလာသည့် မှန်လုံအိမ်ဓာတ်ငွေ့ သိပ်သည်းမှု တိုးမြင့်လာခြင်းကြောင့် ဖြစ်သည်။[၁]ကမ္ဘာ့အပူချိန် တိုးမြင့်လာခြင်းကြောင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာစေကာ မိုးရွာသွန်းမှု ပုံစံနှင့် မိုးရေချိန်ကို ပြောင်းလဲစေနိုင်သည်။ ထိုမှတဆင့် အပူလျော့ပိုင်းဒေသ ကန္တာရ ပိုမိုကျယ်ပျံ့လာစေနိုင်သည်။
climate change ဆိုတာ global warming တစ်ခုတည်းတင်မကပါဘူး။ တခြား အအေးလွန်ကဲမှု ၊ မိုးသည်းထန်စွာရွာသွန်းမှု ၊ ရေကြီးမှု ၊ ရေခဲများအရည်ပျော်လာမှု စတာတွေလည်း ပါဝင်နေပါတယ်။အခုဆိုရင် ရာသီဥတုပြောင်းလဲမှုတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးရွားလာပါတယ်။ကျွန်မတို့ မြန်မာနိုင်ငံမှာ ဟိုးအရင်တုန်းက ဘယ်တုန်းကမှမဖြစ်ခဲ့ဖူးတဲ့ မုန်တိုင်းတွေဖြစ်လာပါတယ်။ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါတွေဟာဘာကြောင့်လဲ။ အဓိကအကြောင်းအရင်းကတော့ လူတွေလုပ်တာပါပဲ။ လူတွေရဲ့ နေထိုင်မှုပုံစံတွေပြောင်းလဲလာတယ်။ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ထိခိုက်မှုတွေ ရှိလာတယ်။ ဒါကတော့ နေရာတိုင်းမှာ pros and cons ဆိုတာရှိတာပါပဲ။ အခုကျွန်မတို့ သုံးနေတဲ့ ကွန်ပျူတာတွေ ကြောင့် ဓာတ်ငွေ့ ပေါင်းမြောက်မြားစွာထွက်ပါတယ်။ ဒီလိုပါပဲ ရေခဲသေတ္တာ ၊ တီဗီ ပြောရရင် ပြီးမယ်တောင်မထင်ပါဘူး။ကမ္ဘာကြီးတိုးတက်လာတာနဲ့ အမျှဆုတ်ယုတ်မှုတွေ ရှိလာတာ အားလုံးမျက်မြင်ပါပဲ။ ဒါတွေကြောင့်ရယ် ပြီးတော့ မှန်လုံအိမ်အာနိသင် (Green House Effect) ဆိုတာကြောင့် လည်းပတ်ဝန်းကျင်ထိခိုက်လာပါတယ်။ဒီနေရာမှာ မှန်လုံအိမ်အာနိသင် အကြောင်းနည်းနည်းပြောဖို့ လိုပါလိမ့်မယ်။ မသိသေးတဲ့သူတွေ အတွက်ပေါ့နော်။ ဒီအာနိသင်ဟာ ကမ္ဘာရယ်လို့ ဖြစ်လာကတည်းက ရှိခဲ့တာပါ။ နေဆီကလာတဲ့ ရောင်ခြည်တွေ အပူတွေကို ကမ္ဘာက ၅၁ ရာခိုင်နှုန်းလောက် စုပ်ယူနေတာပါ။ တစ်ချို့ ကိုတော့နေဆီကို reflection ပြန်သွားပါတယ်။ ဥပမာ- ကားတစ်စင်းကို နေပူထဲမှာ မှန်အလုံချထားပြီး ကားထဲဝင်ထိုင်ကြည့်လိုက်ပါ။ တစ်ဖြည်းဖြည်းပူလာတာကို တွေ့ ရပါလိမ့်မယ်။ နေပူထဲထားတာပဲပူမှာပေါ့လို့ ပြောကြပါလိမ့်မယ်။ ဒီလိုဖြစ်ရတာဟာ နေရောင်ခြည်က မှန်ကိုဖောက်ပြီးကားထဲဝင်လာတယ်။ အဲဒီ နေရောင်ခြည်တွေဟာ ပြန်ထွက်သွားပါတယ်။ ပြန်ထွက်သွားတဲ့ ရောင်ခြည်တွေကို မှန်က တစ်ချို့ စုပ်ယူထားလိုက်တယ်။ ဒီတော့ ရောက်လာတဲ့ အပူအကုန်ပြန်မထွက်တော့ဘူးပေါ့။ကမ္ဘာမှာ အပူစုပ်ယူနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါသေးတယ်။ မှန်လုံအိမ်အာနိသင်ဟာ ဥပမာတစ်ခုပါ။ ဒီ Green House Effect ကြောင့် Green House Gas တွေထွက်လာပါတယ်။ GHG တွေကတော့ Water Vapour , Carbon dioxide , Methane , Nitrous oxide , Halothane , Ozone တို့ ဖြစ်ပါတယ်။ရာသီဥတုပြောင်းလဲမှုတွေကိုကြည့်ပါဦး။တစ်ချို့ နေရာမှာ ရေခဲနေတယ် ၊ တစ်ချို့ နေရာမှာ မုန်တိုင်းတိုက်နေတယ်၊ တစ်ချို့ နေရာကျတော့မီးတွေလောင်နေတယ်။၁၉၉၇ ခုနှစ်မှာ Kyoto Protocol ဆိုပြီး ဂျပန်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး protocol တစ်ခုလုပ်ခဲ့ပါတယ်။၁၉၉၀ ၀န်းကျင်က အပူချိန်ထက် ၂၀၁၀ မှာ ၁.၄ ဒီဂရီဖာရင်ဟိုက် တက်လာပါတယ်။ နည်းနည်းလေးတက်ပါပဲ။ ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်ပါလိမ့်မယ်။ ဒီလိုနည်းနည်းပဲတက်တာတောင် ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေကြုံတွေ့ နေရတာပါ။ ဒီထက်တက်လာရင်တော့။ ကျွန်မထင်ပါတယ်။ 2012 ဇာတ်လမ်းထဲကအတိုင်း ၂၀၁၂ ခုနှစ်မှာမကြုံတွေ့ ရရင်တောင် တစ်ချိန်ချိန်မှာဖြစ်လာပါလိမ့်မယ်။


နောက်တစ်နေရာ တွင်တော့ လူကြီးလူငယ် အယောက် တစ်ရာကျော် ခန့် က သစ်ပင်ပေါင်း ၃၅၀ကျော်ကို စုဝေး စိုက်ပျိုး နေခဲ့ကြသည်။ ထိုနေ့မှာပင် ရန်ကုန်မြို့တွင်းက အခြား နေရာ တစ်ခုတွင်တော့ မြန်မာနိုင်ငံ ဒေသ အချို့မှ မြေဆီလွှာ ပျက်စီး ပြုန်းတီး နေသည့် သက်သေ ဓာတ်ပုံ များကို တမေ့တမော ကြည့်ရှုရင်း သဘာဝတရား ပျက်စီးလာသည်ကို စိုးရိမ်နေသူများလည်း ရှိခဲ့သည်။ နောက်တစ်နေရာတွင်တော့ ပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ က ကမ္ဘာကြီး ပူနွေးလာမှုကို ဖြစ်ပေါ်စေသည့် အဓိက တရားခံ ဖန်လုံအိမ် ဓာတ်ငွေ့ အကြောင်းကို အသားပေး ဆွေးနွေးခဲ့ ကြသည်။ ပြန်ပြည့်မြဲ စွမ်းအင်ကို သုံးကာ သဘာဝ ပတ်ဝန်းကျင်ကို မည်သို့ ထိန်းသိမ်းကြမည်၊ လေထုအတွင်း ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့လျှော့ချရေးအတွက်လည်း အာရုံစိုက် ဆွေးနွေး ခဲ့ကြသည်။ ဖော်ပြခဲ့သော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် နှီးနွယ်သော လှုပ်ရှားမှု များမှာ ယခုနှစ် အတွက် ထူးခြားသော နေ့စွဲတစ်ခု ဖြစ်သည့် ဆယ်ဂဏန်းသုံးလုံး တိုက်ဆိုင်သော အောက်တိုဘာ ၁၀ ရက် ( ၁၀-၁၀-၁၀) တွင် ပြုလုပ်ခဲ့ကြသည့် လှုပ်ရှားမှုများပင် ဖြစ်သည်။ ကမ္ဘာ တစ်ဝန်းတွင် လည်း ထိုနေ့ကို ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ လာခြင်းကို တိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ကာ နိုင်ငံပေါင်း ၁၈၀ နိုင်ငံတွင် သစ်ပင် စိုက်ပျိုးမှု ပေါင်း ၇၀၀၀ ကျော်ကို ပြုလုပ်ခဲ့ ကြသည်။အဓိက အားဖြင့် ထိုနေ့ ကို ကမ္ဘာကြီး ပူနွေးးလာသော အဓိက အကြောင်းရင်း ဖြစ်သည့် လေထုအတွင်းရောက်ရှိနေသည့် ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏမှာ ၃၉၀ PPM(Parts per million of carbondioxide) သို့ ရောက်ရှိနေသည်ကို ရှိသင့်သော ပမာဏ ဖြစ်သည့် ၃၅၀ ပီပီအမ် သို့ပြန်လည် လျှော့ချရေး ကို နိုင်ငံတိုင်းမှ ခေါင်းဆောင်များ အရှိန်မြင့် ဆောင်ရွက်ရေးကို တွန်းအားပေး ဆောင်ရွက် စေလိုသော ရည်ရွယ်ချက်အဖြစ် သတ်မှတ်ကြခြင်း ဖြစ်သည်။ ထိုနေ့တွင် ကမ္ဘာ တစ်ဝန်း ၌ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သလို မြန်မာနိုင်ငံတွင်လည်း အလားတူ လှုပ်ရှားမှုများ ဆယ်ခုထက် မနည်း ပြုလုပ်ခဲ့ကြသည်။ "ဒီအရေအတွက်ဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေမှ အစပျိုး ဆဲ့ဖြစ်တဲ့ မြန်မာနိုင်ငံ အနေနဲ့တော့ အားရ စရာ ကောင်းပါတယ်" ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက မှတ်ချက်ပြုသည်။ မြန်မာပြန်ပြည့်မြဲ စွမ်းအင်အသင်းက ကြီးမှူး၍ ကမ္ဘာကြီးပူနွေး မှု ဖြစ်ပေါ်စေသော ဖန်လုံအိမ် ဓာတ်ငွေ့များ အကြောင်း ဟောပြော ဆွေးနွေးသည့် ဟောပြောပွဲ တစ်ရပ်ကို ယင်းတို့၏ အသင်း ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။ ကမ္ဘာ့ နိုင်ငံများတွင် ဆွေးနွေးခဲ့ကြသော အကြောင်း အရာ ဖြစ်သည့်လေထုအတွင်းမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ပမာဏ လျှော့ချရေး အတွက် စက်မှု ပစ္စည်း ကိရိယာများ လျှော့ချသုံးစွဲရေးနှင့် ဆိုလာ၊ လေ၊ ရေ၊ အလင်း၊ မြေကြီး တို့ကိုသုံးကာ ပြန်ပြည့်မြဲ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်မှုများကို ရှင်းလင်း ဆွေးနွေး ခဲ့ကြသည်။ မြန်မာပြန်ပြည့်မြဲ စွမ်းအင် အသင်းသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ ကျေးရွာများတွင် ပြန်ပြည့်မြဲ စွမ်းအင်သုံးကာ လျှပ်စစ်မီး ရရှိရေး နှင့် သစ်ပင်စိုက်ပျိုးပေးခြင်းများ လုပ်ဆောင်ပေးနေသည့် ပြည်တွင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းတစ်ခုဖြစ်သည်။ ထိုနေ့မှာပင် ရှမ်းးပြည်နယ်၊ ချင်းပြည်နယ် နှင့် မြန်မာ နိုင်ငံ အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်လျက်ရှိသော မြေဆီလွှာ ပြုန်းတီးပျက်စီးမှုများကို ဓာတ်ပုံ ရိုက်မှတ်တမ်းတင်ပြီး အနုပညာ နှင့် ပေါင်းစပ် ပြသသော မြေဆီသြဇာ (သို့မဟုတ်) Save Soil Art Cry ပြပွဲ တစ်ခုကိုလည်း ပြသခဲ့သည်။အောက်တိုဘာ ၁၀ အပါအ၀င် သုံးရက်ကြာ ပြုလုပ်ခဲ့သော အဆိုပါ မြေဆီလွှာ ထိန်းသိမ်းရေး အနုပညာ ပြပွဲကို စာရေး ဆရာမဂျူး၊ ဒီဇိုင်း ပညာရှင် ဦးမြင့်မောင်ကျော် နှင့် ဦးမြင့်ဇော်တို့ ပူးပေါင်း တင်ဆက်ခြင်း ဖြစ်သည်။ ထိုပြပွဲ၏ တစ်စိတ်တစ်ပိုင်း အဖြစ် ပညာရှင်များ ပါဝင်သော မြေဆီလွှာ ထိန်းသိမ်းရေးကို ဟောပြောဆွေးနွေးသည့် ဟောပြော ပွဲတစ်ရပ်ကိုလည်း ကျင်းပခဲ့သည်။ ထိုနေ့မှာ ပင် မြန်မာနိုင်ငံတွင် ကျက်စားသော ဌက်များကို ဌက်ဝါသနာရှင်ဓာတ်ပုံ ဆရာတစ်ဦး၏ ဓာတ်ပုံလက်ရာများကို စုစည်းပြသသည့် ပထမဆုံးဌက် ဓာတ်ပုံပြပွဲကိုလည်း ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီပြခန်းတွင် ပြုလုပ်ခဲ့သည်။ ဇီဝ မျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း BANCA ၏ အတွင်းရေးမှူးက " ဒီပွဲက ဌက်နဲ့ ပတ်သက်ပြီးပြတဲ့ ပထမဆုံး ဓာတ်ပုံ ပြပွဲပဲ" ဟုပြောကြားခဲ့သည်။ လူငယ် အများစု ပါဝင်သော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသည့် အဖွဲ့ငယ်များ ပူးပေါင်းကာ သစ်ပင်ပေါင်း ၃၅၀ ကို စိုက်ပျိုးခဲ့ကြသည်။ ယခုနှစ် ၁၀.၁၀.၂၀၁၀ ၏ ဇာတ်လိုက်ဟုပင် ပြော၍ရသည့် ကိန်းဂဏန်း ဖြစ်သော လေထုအတွင်းရှိ ကာဗွန်ဒိုင် အောက်ဆိုက်ကို ၃၅၀ ပီပီအမ် အထိ လျှော့ချရေး အထိမ်းအမှတ်အနေဖြင့် အပင် ၃၅၀ ကိုစတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ ထိုအပင် များကို သင်္ကန်းကျွန်းမြို့နယ် အတွင်းရှိ ရွှေဘုံဦး ဘုန်းတော်ကြီး ကျောင်းတွင် စိုက်ပျိုးခဲ့ကြပြီး အစိမ်းရောင် မှတ်တိုင်တစ်ခု စိုက်ထူ နိုင်ခဲ့ကြသည်။ အောက်တိုဘာ ၂၀ တွင် အစိမ်းရောင် မှတ်တိုင်များ စိုက်ထူသည့် အနေနှင့် အချို့က သစ်ပင်များ စိုက်ပျိုး ခဲ့ကြသလို အချို့က လောင်စာဆီ သုံးစွဲရေး လှုပ်ရှားမှု အနေနှင့် စုပေါင်း စက်ဘီးစီးပွဲများကို လည်း ပြုလုပ်ခဲ့ကြသည်။ အချို့ ကတော့ ထူးထူးခြားခြား ရေငုပ်ကာ ပင်လယ်ကြမ်း ပြင်တွင် ၃၅၀ ကို ကျောက်ခဲများဖြင့် စာလုံး ဖော်မှတ်တမ်း တင်ခဲ့ကြသည်။ အချို့နိုင်ငံများတွင်တော့ ကလေးသူငယ်များပါ ၃၅၀ အား ကလေး ၃၅၀ ဖြင့် စာလုံး ပုံဖော်ခြင်း စသည့် လှုပ်ရှားမှု အထွေထွေကို အင်တာနက် စာမျက်နှာ များမှ တစ်ဆင့် မြင်တွေ့ခဲ့ရသည်။ မြန်မာ နိုင်ငံမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ လူငယ်များ ကလည်း အခြား နိုင်ငံ ၁၈၀ ကျော်နည်း တူ အစိမ်းရောင် မှတ်တိုင်ကို ၁၀.၁၀.၁၀ တွင် စိုက်ထူ နိုင်ခဲ့ ကြပေပြီ။
ဖန်လုံအိမ်အာနိသင်များလာခြင်း
ဖန်လုံအိမ်ဟူသည် အဆောက်အဦးကို အမိုးအကာအားလုံး ဖန်သားဖြင့် ပြုလုပ်ထား၍ ပြင်ပနေ၏ အလင်းရောင်ကို ပိုမိုရရှိစေသည်။ ပြင်ပမှဝင်လာသော အပူဓာတ်ကို ပြန်မထွက်နိုင်ရန် ထိန်းထားနိုင်ခြင်းကို ဖန်လုံအိမ်အာနိသင်ဟုခေါ်သည်။ ဟော်လန်နိုင်ငံသည် ဖန်လုံအိမ်အတွင်း ဟင်းသီးဟင်းရွက် ပန်းမျိုးစုံစိုက်ပြီး ရောင်းချ၍ ချမ်းသာသော နိုင်ငံဖြစ်သည်။ ကမ္ဘာကို လွှမ်းမိုးထားသော လေထုတွင် နိုက်ထရိုဂျင် (၇၈)ရာခိုင်နူန်း၊ အောက်စီဂျင်(၂၁)ရာခိုင်နူန်းနှင့် အခြားဓာတ်များ အနည်းငယ်စီသာ ပါဝင်သည်။သို့သော် ထိုအနည်းငယ်သော ဓာတ်များသည် နေ၏ အပူစွမ်းအင်ကို ထိန်းနိုင်စွမ်းရှိသည်။ ထိုထိန်းနိုင်သော သတ္တိကြောင့် ကမ္ဘာကြီးပူနွေး၍ အပင်နှင့်သတ္တ၀ါများ အသက်ရှင်နိုင်ကြသည်။ လေထုတွင်ပါဝင်သည့် ဓာတ်ငွေ့ အချို့၏  အပူဓာတ်ကို စုပ်ယူထားနိုင်မှုသည် ဖန်သားပြင်ဖြင့် ပြုလုပ်ထားသော ဖန်လုံအိမ်၏ အာနိသင်နှင့် ဆင်တူသည်။ သုတေသနပညာရှင် များက ကမ္ဘာမြေကြီးတဖြည်းဖြည်း ပူနွေးလာခြင်းကို ရည်ညွှန်း၍ ကမ္ဘာကြီးသည် ဖန်လုံအိမ်အာနိသင် တစ်နေ့ထက်တစ်နေ့ ပိုမိုခံစားနေရသည်ကို သတိပြုမိ ခဲ့ကြသည်။တစ်ကမ္ဘာလုံး တောမီးလောင်ခြင်း၊ တောမီးရှို့ခြင်း လူသုံးစက်ရုံသုံး လောင်စာများကြောင့် နှစ်စဉ်လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် တန်သန်းတစ်ထောင်မှ နှစ်ထောင့်ငါးရာအထိ နှစ်စဉ်လွှတ်ပေးနေကြောင်း သိရသည်။ လေထုတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် မတိုးပွားလာစေရန် လေထု မညစ်ညမ်းစေရန် လူသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။
ယနေ့အချိန်တွင် အရေးပါအရာရောက်သော ကဏ္ဍတစ်ရပ်တွင်ပါဝင်နေပါသနည်း အစရှိသည့် မေးခွန်းများသည် ကမ္ဘာကြီး၏ ပြောင်းလဲတိုးတက်မှု့များနှင့်အတူကျွန်ုပ်တို့လူသားများအတွက်လေ့လာဖွယ်ရာ၊သိမှတ်ဖွယ်ရာ၊ထိန်းသိမ်းဖွယ်ရာများအဖြစ်အရေးပါလှသည့်ကဏ္ဍများ၊ဘာသာရပ်များအဖြစ်ပါဝင်ပါတ်သတ်နေပါပြီ။ကမ္ဘာကို လွှမ်းမိုးထားသော လေထုတွင် နိုက်ထရိုဂျင် (၇၈)ရာခိုင်နူန်း၊ အောက်စီဂျင်(၂၁)ရာခိုင်နူန်းနှင့် အခြားဓာတ်များ အနည်းငယ်စီသာ ပါဝင်မှုများသည်။ သို့သော် ထိုအနည်းငယ်သော ဓာတ်များသည် နေ၏ အပူစွမ်းအင်ကို ထိန်းနိုင်စွမ်းရှိသည်။ ထိုထိန်းနိုင်သော သတ္တိကြောင့် ကမ္ဘာကြီးပူနွေး၍ အပင်နှင့်သတ္တ၀ါများ အသက်ရှင်နိုင်ကြသည်။ လေထုတွင်ပါဝင်သည့် ဓာတ်ငွေ့ အချို့၏  အပူဓာတ်ကို စုပ်ယူထားနိုင်မှုသည် ဖန်သားပြင်ဖြင့် ပြုလုပ်ထားသော ဖန်လုံအိမ်၏ အာနိသင်နှင့် ဆင်တူသည်။ သုတေသနပညာရှင် များက ကမ္ဘာမြေကြီးတဖြည်းဖြည်း ပူနွေးလာခြင်းကို ရည်ညွှန်း၍ ကမ္ဘာကြီးသည် ဖန်လုံအိမ်အာနိသင် တစ်နေ့ထက်တစ်နေ့ ပိုမိုခံစားနေရသည်ကို သတိပြုမိ ခဲ့ကြသည်။ တစ်ကမ္ဘာလုံး တောမီးလောင်ခြင်း၊ တောမီးရှို့ခြင်း လူသုံးစက်ရုံသုံး လောင်စာများကြောင့် နှစ်စဉ်လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်တန်သန်းတစ်ထောင်မှ နှစ်ထောင့်ငါးရာအထိ နှစ်စဉ်လွှတ်ပေးနေကြောင်းသိရသည်။ လေထုတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် မတိုးပွားလာစေရန် လေထု မညစ်ညမ်းစေရန် လူသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။
လူသားသည် သဘာဝပတ်ဝန်းကျင်၏ တစ်စိပ်တစ်ဒေသ မကပဲ သဘာဝပတ်ဝန်းကျင်ကို မှီခိုကာ အသက်ရှင်နေထိုင်ကြသူများ ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်ရှိ ရေ၊ လေ၊ မြေ၊ အပူချိန်၊ အစားအစာ၊ အ၀တ်အထည်၊ နေစ၇ာအိမ်၊ အသုံးအဆောင် ပစ္စည်းမျိုးစုံတို့ကို သုံးစွဲ၍ အသက်ရှင် နေကြရသည်။ကျွန်တော်တို့မြန်မာနိုင်ငံပထ၀ီကို လေ့လာကြည့်ပါ။ မြန်မာနိုင်ငံ၏ ဧရိယာ စတုရန်းမိုင် (၂၆၁၂၈၈)အနက် (၅၇)ရာခိုင်နှုန်းသည် သစ်တောများဖြင့် ဖုံးလွှမ်းခဲ့သည်။ ကြိုးဝိုင်းသစ်တော (၁၅)ရာခိုင်နှုန်းနှင့် ကြိုးပြင်သစ်တော(၄၂)ရာခိုင်နှုန်းဖြစ်သည်။သစ်တောအမျိုးအစား(၁၁)မျိုးရှိသည်။သစ်ပင်အမျိုးပေါင်း(၇၀၀၀)ကျော်ရှိသည်။ရှမ်းပြည်နယ်သည် သစ်တောဧရိယာ အများဆုံးရှိသောပြည်နယ် ဖြစ်၍ ဧရိယာ စတုရန်းမိုင် (၄၅၀၅၀)ရှိသည်။ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် သယံဇာတများကို ခေတ်မှီစက်များဖြင့် မြန်မြန်များများ ထုတ်ယူသုံးစွဲနေကြ၍ သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးကြရသည်။ကျွန်ုပ်တို့ပါတ်ဝန်းကျင်တွင်မကြာခဏ ကြားနေရသည့် အိုဇုန်းလွှာပေါက်ခြင်း၊ ဖန်လုံအိမ် အာနိသင် တိုးလားခြင်း၊ သစ်တောပြုန်းတီးခြင်း၊ အပူအအေး လွန်ကဲခြင်း၊ မုန်တိုင်းထန် ရေကြီးခြင်း၊ မြေဆီလွှာခန်းခြောက်ခြင်း၊ သောက်သုံးရေ ရှားပါးခြင်း၊ လေထုညစ်ညမ်းခြင်း၊ သစ်ပင်နှင့် တိရစ္ဆာန်များ မျိုးတုံးလားခြင်း စသည့် အန္တရာယ်များစုံ ကြုံတွေ့နေရသည်။ သစ်တော ပါရဂူများက တိုင်းပြည်တစ်ပြည် သဘာဝအန္တရာယ်များ ကာကွယ်နိုင်ရန် သစ်တောထွက်ပစ္စည်း အတော်အသင့်ရှိသည့် သစ်တောကြိုးဝိုင်း (၂၅) ရာခိုင်နှုန်း ရှိရန်လိုအပ်ကြောင်း သိရှိရသည်။ကမ္ဘာသူကမ္ဘာသားအားလုံး မိမိ မှီတင်းနေထိုင်သော မြေကမ္ဘာကြီး စိုပြေစိမ်းလန်းစေရန် ကမ္ဘာချစ်စိတ်ဓါတ်ဖြင့် ၁၉၉၂-ခုနှစ် ဘရာဇီးနိုင်ငံ ရီရှိဒီဂျနေးမြို့တွင် နိုင်ငံပေါင်း(၁၂၀) ခေါင်းဆောင်ကြီးများ တက်ရောက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ညီလာခံတစ်ရပ် ကျင်းပခဲ့သည်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်း မရှိဘဲ ကမ္ဘာဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းများ ရှာခဲ့ကြသည်။ ယခုသည် (၂၀၁၂)ခုနှစ်သို့ ရောက်ရှိလာခဲ့ပါပြီ။ ပြုပြင်မှုများ ပြုလုပ်သင့်ပီလော !!အထက်ပါ ညီလာအခံအတောအတွင်း နိုင်ငံပေါင်းစုံများမှလဲ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်များစွာ သဘောတူညီမှု ရရှိခဲ့ကြသည်။ ပြည်ထောင်စု မြန်မာနိုင်ငံအနေဖြင့် သစ်တောဥပဒေသစ်၏ အခြေခံမူများကိုလည်း ချမှတ်ခဲ့သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒများ၊ သစ်တောရေးရာ မူဝါဒများ၊ အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် ဖြစ်သည်။
သစ်တောနှင့် ဇီဝမျိုးများ ပြုန်းတီးခြင်း၊ မီးလောင်ခြင်း၊ အပင်ရောဂါ ကျရောက်ခြင်းတို့မှ ကာကွယ်သွားရန် ဖြစ်သည်။ သဘာသစ်တောများ ထိန်းသိမ်းကာကွယ်ရေးနှင့် သစ်တောစိုက်ခင်းသစ်များ တည်ထောင်ရေးတို့ကို တစ်ပြိုင်တည်း ဆောင်ရွက်ရန်ဖြစ်သည်။ထို့ကြောင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့ပါတ်ဝန်းကျင်တွင်ရှိသောသဘာဝပါတ်ဝန်းကျင်ကိုစောင့်ရှောက်ထိန်းသိမ်းခြင်းဖြင့် ကျွန်ုပ်တို့ပါတ်ဝန်းကျင်လေထု မညစ်ညမ်းစေရန် အတွက် လေထုညစ်ညမ်းခြင်းဘာသာရပ်အား လေ့လာသင်ယူရင်း မိမိတို့သဘာဝပါတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကြပါစို့ ။



ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှု၏ ထင်ရှားသည့်  အကျိုးဆက် သာဓကများအဖြစ် ကမ္ဘာ့နေရာအနှံ့အပြားတွင် မြေငလျင်များ၊ ရေလွှမ်းမိုးမှုများစသည့် မကြုံစဖူးပြင်းထန်လှသော သဘာဝဘေးအန္တရာယ်များ  ကျရောက်ခဲ့ပြီး  လူသားတစ်ရပ် လုံး၏ ဘဝသာယာဝပြောမှုကို ခြိမ်းခြောက်လျက်ရှိပါကြောင်း၊  ရာသီဥတု ပြောင်းလဲ မှုကြောင့်   နေရာအနှံ့အပြားမှာ    စိုက်ပျိုးရေးကိုထိခိုက်ကာ စိုက်ပျိုးရေးထုတ်လုပ်မှုများ ကျဆင်းပြီး နိုင်ငံအများအပြား  စီးပွားရေးကို ထိခိုက်စေခဲ့ပါကြောင်း၊  အထူးသဖြင့် ဖွံ့မြိုးဆဲ နိုင်ငံများသည် ကမ္ဘာကြီးပူနွေး လာမှုနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အများဆုံး  ရင်ဆိုင်ကြုံတွေ့ နေကြရပါကြောင်း။မြန်မာ့သမိုင်းတွင်လည်း ၂ဝဝ၈ ခုနှစ်က မကြုံစဖူး ပြင်းထန်လှသော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်နှင့် ပြီးခဲ့သည့်နှစ်ကလည်း ဂီရိမုန်တိုင်းဒဏ်တို့ကို ခံစားခဲ့ရပြီး အရေးပေါ် အခြေအနေများ ကျော်လွှားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်ကို အားလုံးအသိဖြစ်ပါ ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကုလသမဂ္ဂအဖွဲ့ဝင်များ၊ အာဆီယံ အဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်း တို့နှင့်အတူ အောင်မြင်စွာ လက်တွဲ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ ကြုံတွေ့ရသည့် သဘာဝဘေး အန္တရာယ်ကို ရင်ဆိုင်ကျော်လွှားရာတွင် လူသားချင်း စာနာထောက်ထားမှု  အကူအညီများ  ပံ့ပိုးပေးခဲ့သော ကုလသမဂ္ဂအဖွဲ့၊ အာဆီယံအဖွဲ့၊  အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်း၊  မြန်မာ နိုင်ငံအတွင်းရှိ အခြားသော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော  အဖွဲ့ အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများကို အထူးကျေးဇူးတင်ရှိပါကြောင်း  ပြောကြားလို ပါကြောင်း။
ရာသီဥတုပြောင်းလဲခြင်း
ရာသီဥတုပြောင်းလဲခြင်း ဆိုသည်မှာ ရာစုနှစ်များမှ နှစ်သန်းပေါင်းများစွာ အချိန်ကာလ အတွင်း ပြောင်းလဲလာသည့် ရာသီဥတု ဆိုင်ရာကိန်းဂဏန်းစာရင်းဇယားသတ်မှတ်မှုများ ပြောင်းလဲခြင်းဖြစ်သည်။ ၄င်းသည် ပျမ်းမျှရာသီဥတု ပြောင်းလဲခြင်း သို့မဟုတ် ရာသီဥတုအဖြစ်အပျက် ကိန်းဂဏန်းများ ပျမ်းမျှအားဖြင့် (ဥပမာ၊ ဆိုးရွားသော ရာသီဥတုအဖြစ်အပျက်များ များလာခြင်း သို့မဟုတ် နည်းသွားခြင်း) ပြောင်းလဲခြင်းတို့ ဖြစ်နိုင်သည်။ ရာသီဥတု ပြောင်းလဲခြင်းမှာ တိကျသော ဒေသ တစ်ခုအတွင်းသာပြောင်းလဲခြင်းဖြစ်နိုင်သကဲ့သို့ ကမ္ဘာမြေတစ်လွှား အနှံ့အပြားလည်း ဖြစ်ပေါ်နိုင်ပါသည်။လောလောဆယ်အသုံးပြုရာတွင်၊ အထူးသဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ(မူဝါဒ)၏ အခြေအနေအရ၊ မျက်မှောက်ခေတ် ရာသီဥတု ပြောင်းလဲခြင်းများအား ရည်ညွှန်းပါသည်။ ၄င်းသည် လူသားများလုပ်ဆောင်မှုကြောင့် ရာသီဥတုပြောင်းလဲခြင်းအဖြစ် တိုင်းတာသည်။၊ "ကမ္ဘာကြီးပူနွေးလာခြင်း" သို့မဟုတ် "လူသားများလုပ်ဆောင်မှုကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း" (AGW ) ဟုယေဘုယျအားဖြင့် လူသိများသည်။ အချိန်ကာလများစွာ တိုင်းတာသော အပူချိန်၏ သတင်းအချက်အလက်များအတွက်၊ ကိန်းဂဏန်းဇစ်မြစ်များ မှရနိုင်သော အပူချိန်မှတ်တမ်း အားကြည့်ပါ။ လွန်ခဲ့သောရာစုနှစ်အတွင်း ပြောင်းလဲလာသောရာသီဥတု ယူဆချက်အတွက်၊ လက်ရှိရာသီဥတုပြောင်းလဲခြင်းယူဆချက် အားကြည့်ပါ။

ဖြစ်ပေါ်စေသောအကြောင်းရင်းများ

ရာသီဥတုပုံစံပြောင်းစေသောအချက်များမှာ ရာသီဥတုတွန်းအားများ ဖြစ်သည်။ ၄င်းအချက်များမှာ နေရောင်ခြည်ဖြာမှု ပြောင်းလဲခြင်း၊ ကမ္ဘာ့ဂြိုလ် ပတ်လမ်း ပြောင်းလဲခြင်း၊ တောင်များတည်ဆောက်ခြင်းနှင့် ကမ္ဘာ့ကုန်းမြေထုတစ်ဖြည်းဖြည်းရွေ့လျားခြင်း၊ မှန်လုံအိမ်ဓာတ်ငွေ့ ပြင်းအားပြောင်းလဲခြင်း စသည့်ဖြစ်စဉ်များ ပါဝင်သည်။ ၄င်း ရာသီဥတုပြောင်းလဲခြင်း တုံ့ပြန်မှုများ စွာတို.သည် အစောပိုင်းတွန်းအားကို ချဲ့နိုင်သည် သို့မဟုတ် ပျောက်သွားအောင် ပြောင်းလဲနိုင်သည်။ ရာသီဥတုစနစ်၏ အချို့အပိုင်းများမှာ သမုဒ္ဒရာနှင့် ရေခဲပြင်များ၊ ထုထည်ကြီးမားမှုကြောင့် ရာသီဥတု၏တွန်းအားကို နှေးကွေးစွာပြန်ခြင်း စသည်တို့ကဲ့သို့ ဖြစ်သည်။ ထို့ကြောင့်၊ ရာသီဥတုစနစ်သည်ရာစုနှစ်များစွာ သို့မဟုတ် ပြင်ပတွန်းအားသစ်များကို အပြည့်အဝပြန်ရန် အချိန်ပို၍ကြာနိုင်သည်။

လူသားတို့၏ လွှမ်းမိုးမှုများ

လူသားဖြစ်စဉ်တိုးတက်လာခြင်းအချက်များသည် လူသားလုပ်ဆောင်မှုများကြောင့် ပတ်ဝန်းကျင်ကို ပြောင်းလဲစေသည်။ အချို့ကိစ္စများတွင်၊ ကြောင်းကျိုးကွင်းဆက်များကြောင့် လူသားများသည် တိုက်ရိုက်နှင့် ရှောင်လွဲ၍မရသော (ဥပမာ၊ စွတ်စိုမှုကြောင့် ရေသွင်းခြင်းအကျိုး) အချက်တို့ကြောင့် ရာသီဥတုအား လွှမ်းမိုးသည်။ အချို့အရာတို့မှာ ရှင်းလင်းမှုနည်းပါသည်။ လူသားတို့ပြုလုပ်ခြင်းကြောင့် ရာသီဥတု ပြောင်းလဲခြင်းဆိုသည့် ယူဆချက်များမှာ နှစ်ပေါင်းများစွာအထိငြင်းခုန်နေဆဲဖြစ်သည်။လက်ရှိတွင်၊ သိပ္မံပညာ၏ ရာသီဥတုပြောင်းလဲခြင်း သည်လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာမှ ကမ္ဘာ၏ပျမ်းမျှအပူချိန် မြန်စွာတိုးလာခြင်းအကြောင်းမှာ လူသားလုပ်ဆောင်မှုကြောင့်ဖြစ်လာဟန်ရှိသည်။အကျိုးဆက်အားဖြင့်၊ ငြင်းခုန်မှုသည် နောက်ထပ်လူသားအကျိုးသက်ရောက်မှု လျော့နည်းစေခြင်းများနှင့် ဖြစ်ပေါ်ပြီးဖြစ်သော အခြေအနေများကို လက်ခံနိုင်ရန် နည်းလမ်းများရှာဖွေရန် ပိုမိုရှေ့ရှု လာကြသည်။လူသားဖြစ်စဉ်တိုးတက်လာခြင်း၏အဓိကအချက်မှာ CO2 အဆင့်များတိုးမြင့်လာပြီး ရှေးရုပ်ကြွင်းလောင်စာဆီ လောင်ကျွမ်းမှု၊ aerosols (လေထုအတွင်းရှိ သီးသန့်အရာ) ထုတ်လွှတ်ခြင်းနှင့် ဘိလပ်မြေ ထုတ်လုပ်ခြင်းတို့ ဖြစ်သည်။ အခြားအချက်များမှာ မြေအသုံးချရေး၊ အိုဇုန်းလွှာလျော့နည်းခြင်း၊ တိရစ္ဆာန်နှင့် စိုက်ပျိုးရေးနှင့် သစ်တောပြုန်းတီးခြင်း တို့သည်လည်း ၄င်းတို့ပါဝင်သောအခန်းမှ ပတ်သက်ကြသည်။ သီးခြားစီနှင့် အခြားအချက်များနှင့် ဆက်စပ်၍လည်း၊ ရာသီဥတု၊ microclimate နှင့် ရာသီဥတုမညီမျှခြင်း တိုင်းတာချက်များကို အကျိုးသက်ရောက်စေသည်။







No comments:

Post a Comment