ဧဝရက်တောင်ထိပ်သည်
အိန္ဒိယ နိုင်ငံမြောက်ဘက် ဟိမဝန္တာတောင်တန်းတွင် တည်ရှိ၍
ကမ္ဘာပေါ်၌အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်။ ထိုတောင်ထိပ်ရှိရာ
နီပေါနိုင်ငံတွင်လည်းကောင်း၊ တိဗက်နိုင်ငံတွင်လည်းကောင်း ယင်းတောင်ထိပ်သည်
တန်ခိုးကြီးသည်ဟူ၍ အစွဲအလမ်းရှိကြ သည်။ တိဗက်ဘာသာစကားဖြင့် ထိုတောင်ထိပ်ကို မယ်တော်
နတ်သမီး ဟု အမည်မှဲ့ခေါ်ကြသည်။ ၁၈၄၁ ခုနှစ်တွင် အိန္ဒိယအစိုးရ
မြေတိုင်းဌာနအရာရှိချုပ် ဆာဂျော့အဲဗရက်ဆိုသူ သည် ထိုတောင်ထိပ်တည်ရာနှင့်
အမြင့်ကိုပထမဦးဆုံး တိုင်း တာသတ်မှတ်ခဲ့လေသည်။ သို့ဖြစ်၍ ထိုပုဂ္ဂိုလ်ကို
ဂုဏ်ပြုသော အားဖြင့် အဲဗရက်တောင်ထိပ် (ဝါ) ဧဝရက်တောင်ထိပ်ဟု ခေါ် ဆိုခဲ့ကြသည်။
ဧဝရက်တောင်ထိပ်သည်
ပေပေါင်း ၂၉ဝ၂၈ ပေ (၅ƒ မိုင်ခန့်) မြင့်သည်။ (အိန္ဒိယ
သမ္မတနိုင်ငံမြေတိုင်းဌာန၏ ညွှန် ကြားရေးမှူးချုပ်က ဤသို့သတ်မှတ်ထားသည်ကို တောင်တက်
အဖွဲ့ အများစုက လက်မခံလိုပဲ ၂၉ဝဝ၂ ပေ ဟုသာ သတ်မှတ် လိုကြသည်။) ၁၉၂၂ ခုနှစ်မှစ၍
တောင်တက်အဖွဲ့များသည် ထိုတောင်ထိပ်သို့ တက်ရောက်နိုင်ရန် အကြိမ်ကြိမ် ကြိုးစား
အားထုတ်ခဲ့ကြသည်။ ၁၉၂၄ ခုနှစ်တွင် တောင်ထိပ်သို့ ရောက် ရန်ကြိုးစားခဲ့ကြသော
တောင်တက်အဖွဲ့ဝင် အီး၊ အက်ဖ၊ နော်တင်နှင့် ဆိုမာဗဲ ဆိုသူနှစ်ဦးတို့သည်ပေပေါင်း
၂၈၁၃ဝ အမြင့်အထိ တက်ရောက်နိုင်ခဲ့ကြသည်။ ထို့နောက်တစ်ဖန် အေ၊ စီ၊ အာဗင်း နှင့်
ဂျီ၊ အယ်၊ မလိုရီ ဆိုသူတို့နှစ်ဦး ကလည်း ပေ ၂၆၈ဝဝ အမြင့်အထိ ရောက်ရှိပြီးနောက်
ဆက်၍တက်ကြပြန်ရာ အမြင့် ၂၈၂၃၉ ပေ သို့တိုင်အောင် ရောက်ခဲ့ကြလေသည်။ သို့ရာတွင်
ထိုသူနှစ်ဦးစလုံးသည် တောင်ပေါ်၌ပင် ပျောက်ဆုံးခဲ့ ရလေသည်။ ၁၉၃၃ ခုနှစ်တွင်
ဧဝရက်တောင်ထိပ်ကို လေယာဉ် ပျံဖြင့် ပထမဆုံးအကြိမ် ဖြတ်ကျော်ခဲ့ကြသည်။
၁၉၃၃ ခု၊ ၁၉၃၆၊
၁၉၃၈ ခုနှစ်များတွင် တောင်တက် အဖွဲ့တို့သည် ဧဝရက်တောင်ထိပ်သို့ရောက်ရန် ဆက်လက် ကြိုး
စားကြသော်လည်း မအောင်မြင်ခဲ့ကြချေ။ တောင်များသည် ဆီးနှင်း
အစဉ်ဖုံးလွှမ်းလျက်ရှိသည့်အပြင် မတ်စောက်သော ချောက်ကမ်းပါးကြီများကို
အလွန်ခဲယဉ်းပင်ပန်းစွာ ဖြတ်ကျော် ရသည်။ တစ်ခါတစ်ရံ နှင်းခဲလျှောများ
ရုတ်တရက်ကျဆင်း လာခြင်းနှင့် လေပြင်းမုန်တိုင်းကျရောက်ခြင်းတို့ကြောင့် တောင်
တက်သမားတို့ အသက်ဆုံးရှုံးခဲ့ရသည့်အဖြစ်နှင့်လည်း ကြုံရ တတ်သည်။ ထို့ပြင်
အဖွဲ့ဝင်တို့အတွက် စားနပ်ရိက္ခာနှင့် တောင်တက်အသုံးအဆောင်ပစ္စည်းများ၊
အသက်ရှူနိုင်ရန်အတွက် အောက်စီဂျင်ဓာတ်ငွေ့ဗူးများ အစရှိသည်တို့ကို တောင်ပေါ်စခန်း
များသို့ အလုံအလောက် သယ်ယူကြရပေသည်။
ထိုမျှလောက်သော ကာလပတ်လုံး ဧဝရက်တောင်ထိပ် သို့ လူမတက်ရောက်နိုင်ဖြစ်ခဲ့ရပြီးနောက် ၁၉၅၃ ခုနှစ်တွင် ဗြိတိသျှတောင်တက်အဖွဲ့တစ်ဖွဲ့သည် တစ်ကြိမ်ထပ်မံကြိုးစားခဲ့ လေသည်။ ဤအကြိမ်တွင် အဖွဲ့ဝင်နယူးဇီလန်နိုင်ငံသား အက်ဒမန်ဟစ်လာရီ နှင့် နီပေါနိုင်ငံသား တင်းဇင်းနော်ကေး တို့သည် ၁၉၅၃ ခုနှစ်မေလ ၂၉ ရက်နေ့၌ ဧဝရက် တောင်ထိပ်သို့ ဦးစွာပထမ အောင်မြင်စွာရောက်ရှိခဲ့ကြသဖြင့် ကမ္ဘာတစ်ဝှမ်းလုံး၏ ချီးကျူးဓခြင်းကို ခံကြရပေသည်။
ဧဝရက်တောင်ထိပ်သို့
ဟစ်လာရီနှင့်တင်းဇင်းနော်ကေး တို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြပြီးနောက်တွင်
လူ အများစုက ဧဝရက်တောင်ထိပ်သို့ အရောက်တက်ကြသည့် အလုပ်သည် စခန်းသိမ်းပေပြီဟု
ထင်မှတ်ခဲ့ကြသည်။ သို့သော် ယင်းသို့မဟုတ်ခဲ့ပေ။ နောက်နှစ် နောက်နှစ်များတွင်လည်း
အနောက်နိုင်ငံမှ တောင်တက်အဖွဲ့များသည် ကမ္ဘာ၌အမြင့်ဆုံး ဖြစ်သော
ဧဝရက်တောင်ထိပ်သို့ အရောက်တက်၍ တောင်တက် သမိုင်းတွင် မော်ကွန်းတင်ရစ်ရန်
ကြိုးပမ်းခဲ့ကြရာ အချို့အဖွဲ့ များသည် အောင်မြင်၍ အချို့အဖွဲ့များသည်
မအောင်မြင်ခဲ့ ကြချေ။
၁၉၅၆ ခုနှစ်တွင်
အဖွဲ့ဝင် ၃၃ဦးပါဝင်သော ဆွစ် တောင်တက်အဖွဲ့မှ အန့်ရှမိ နှင့် ယုဂ်မာမက် တို့သည် မေလ
၂၃ ရက်နေ့တွင်လည်းကောင်း၊ အဒေါ့ရိုက်နှင့် ဟန်းဇရူဒေါ့ ဖွန်ဂန်တင် တို့သည် မေလ ၂၄
ရက်နေ့တွင်လည်းကောင်း ဧဝရက်တောင်ထိပ်သို့ အရောက်တက်နိုင်ခဲ့ကြလေသည်။
အခြားနိုင်ငံများမှ တောင်တက်အဖွဲ့များက ဟိမဝန္တာ တောင်တန်း၏ ဧဝရက်တောင်ထိပ်ကို
အောင်မြင်စွာ တက် ရောက်ပြနိုင်မှုသည် ဟိမဝန္တာတောင်တန်းကြီး၏ အရိပ်အာဝါသ ကို
ခိုလှုံနေရသော အိန္ဒိယသားတို့အား သွေးထိုးပေးလေတော့ သည်။ ဟိမဝန္တာသည်
အိန္ဒိယတိုင်းရင်းသားများနှင့် ပို၍ နီးစပ် ရင်းနှီးလှသည်။ အခြားရေခြားမြေခြား
တောင်တက်အဖွဲ့များ၏ မဖြစ်မနေကြိုးပမ်းမှုကို ဧဝရက်တောင်ထိပ်က လက်ခံချီးမြှင့်ပါ
လျှင် အိန္ဒိယတိုင်းရင်းသားတို့၏ ကြိုးပမ်းမှုကို ပို၍ကြိုဆို ပေလိမ့်မည်။
ထို့ကြောင့် ၁၉၆ဝ ပြည့်နှစ်တွင်တစ်ကြိမ်၊ ၁၉၆၂ ခုနှစ်တွင်တစ်ကြိမ်
အိန္ဒိယတိုင်းရင်းသား တောင်တက်အဖွဲ့ နှစ်ဖွဲ့သည် ဧဝရက်တောင်ထိပ်သို့ တက်ခဲ့ကြရာ
ရာသီဥတု ပြင်းထန်မှုကြောင့် ပေ ၂၈ဝဝဝ ကျော် အမြင့်သို့ရောက်၍ တောင်ထိပ်ကို
လှမ်းမြင်နိုင်သည့်အခါမှ ပြန်ဆုတ်ခဲ့ကြရာ ရည်မှန်းချက်ပန်းတိုင်နှင့် လက်မတင်ကလေး
လွဲခဲ့ရသည်။
ပထမ
အိန္ဒိယတောင်တက်အဖွဲ့သည် ဧဝရက် တောင်ထိပ်မှ မေလ ၂၅ ရက်နေ့တွင် ဆုတ်ခွာခဲ့ရစဉ်
တရုတ်တောင်တက်အဖွဲ့ဝင် တရုတ်အမျိုးသား ဝန်ဖူးချောင်း၊ ချူယင်ဟွာနှင့်
တိဗက်အမျိုးသား ကိုဗူးတို့သည် ထိုနေ့ထိုရက် ပီကင်းစံတော်ချိန် နံနက် ၄း၂ဝ နာရီ၌
ဧဝရက်တောင်ထိပ်သို့ မြောက်ဘက်မျက်နှာမှ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်ဟု မေလ ၂၇
ရက်နေ့တွင် တရုတ်နိုင်ငံ သတင်းဌာနက ထုတ်ပြန် ကြေညာလေသည်။ ဧဝရက်တောင်ထိပ်
အရောက်တက်ရာ၌ စံချိန်တင်သောအဖွဲ့တစ်ဖွဲ့ကား ၁၉၆၃ ခုနှစ်တွင် တက်ရောက် သော
အမေရိကန်တောင်တက်အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့သည် အဖွဲ့ဝင်ခြောက်ဦးကို နှစ်ယောက်တစ်တွဲ
သုံးဖွဲ့ဖွဲ့၍ တစ်နေ့ထဲ တွင် (မေလ ၂၂ ရက်) တစ်ဖွဲ့ပြီးတစ်ဖွဲ့ဆက်တိုက် ဧဝရက်
တောင်ထိပ်သို့အရောက် တက်စေခဲ့သည်။ ထိုအဖွဲ့ဝင်ထဲမှ လေးဦးတို့သည် အောက်ဆီဂျင်၊
စားရေရိက္ခာနှင့် အိပ်စရာတို့ မပါဘဲ ပေ ၂၈ဝဝဝ အမြင့်၌ တစ်ညဉ့်အိပ်နေကာ ကမ္ဘာ၌
သူတစ်ပါးတို့ မစွမ်းဆောင်နိုင်သေးသော အလုပ်ကို လုပ်ပြကြ လေသည်။
၁၉၆၅ ခုနှစ်၊
မေလ ၂ဝ ရက်နေ့တွင် ရေတပ်ဗိုလ်မှုး (လက်ဖတင်နင်ကွန်မန်းဒါး) အမ်အက်(စ်) ခိုလီ
ခေါင်းဆောင် သော အိန္ဒိယတောင်တက်အဖွဲ့သည် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့်
ကြိုးပမ်းမှုကြောင့် ဧဝရက်တောင်ထိပ်သို့ အောင် မြင်စွာ တက်ရောက်ကြပြီးလျှင်
ဗြိတိသျှ၊ ဆွစ်၊ အမေရိကန် တောင်တက်အဖွဲ့များနည်းတူ ကမ္ဘာ၌အမြင့်ဆုံးသောတောင်ထိပ်
ကို အောင်မြင်စွာ တက်ရောက်နိုင်သည့်ဂုဏ် ရယူနိုင်ခဲ့၍ ကမ္ဘာ၌ အိန္ဒိယ၏စွမ်းရည်ကို
ဝင့်ကြွားစွာပြနိုင်ခဲ့လေသည်။ ထိုအဖွဲ့တွင် တင်းဇင်းနော်ကေးနှင့် တူဖြစ်သော
နဝန်းဂုံဗူးတို့လည်း ပါဝင်ရာ သူတို့တူဝရီးသည် နော်ကေးက
ဗြိတိသျှတောင်တက်အဖွဲ့နှင့်လည်းကောင်း၊ ဂုံဗူးက အမေရိကန်
တောင်တက်အဖွဲ့နှင့်လည်းကောင်း တောင်ထိပ်သို့ တစ်ခေါက်စီ ရောက်ခဲ့ကြဘူးပေပြီ။
ယခုတစ်ကြိမ်တွင်မူ နိုင်ငံခြားသားများ မပါဘဲ အိန္ဒိယ
တိုင်းရင်းသားချည်းသက်သက်ပါဝင်သော အဖွဲ့တွင်လိုက်ပါခဲ့ကြသည်။ အဖွဲ့ဝင်တို့ထဲမှ
တောင်ထိပ်သို့ ပထမဆုံးရောက်ရှိသော နှစ်ယောက်တစ်တွဲမှာ ဗိုလ်ကြီး
အေအက်(စ်)ချီမာနှင့် နဝန်းဂုံဗူးတို့ဖြစ်ကြသည်။ ထိုအိန္ဒိယ တောင်တက်အဖွဲ့သည်လည်း
အမေရိကန် တောင်တက်အဖွဲ့ ကဲ့သို့ပင် နှစ်ယောက်တစ်တွဲ အဖွဲ့ငယ်သုံးဖွဲ့ကို ဧဝရက်
တောင်ထိပ်သို့အရောက် တစ်သုတ်ပြီးတစ်သုတ် စေလွှတ်နိုင်ခဲ့ လေသည်။
ဤသို့
အသီးအသီးတက်ရောက်နိုင်ခဲ့ကြပြီးသော်လည်း တောင်ထိပ်သို့ မရောက်သေးသည့်နိုင်ငံ
အသီးအသီးမှ တောင်တက်အဖွဲ့ဝင်များသည် တောင်ထိပ်သို့အရောက် တက်နိုင် အောင်
ကြိုးပမ်းလျက်ရှိရာမှ ၁၉၇၅ ခုနှစ် မေလ ၁၆ ရက် နေ့တွင် ဂျပန်အမျိုးသမီး
တောင်တက်အဖွဲ့ ဒုတိယ ခေါင်းဆောင် ယွန်ကို တာဗေအီသည် ဧဝရက်တောင်ထိပ်သို့
တက်ရောက်နိုင်ခဲ့သည်။ ထို့အတူ တရုတ်တောင်တက်အဖွဲ့ တစ်ဖွဲ့မှ
အဖွဲ့ဝင်တရုတ်အမျိုးသမီး ဖန်သော့(ဂ)သည်လည်း ၁၉၇၅ ခုနှစ် မေလ ၂၇ ရက်နေ့တွင်
ဧဝရက်တောင်ထိပ် အရောက် တက်နိုင်ခဲ့လေသည်။
မည်မျှမြင့်မားသော
တောင်ကြီးဖြစ်စေကာမူ တစ်နေ့ တွင် လူ့ဖဝါးအောက် ရောက်ခဲ့ရသည်သာတည်း။[၁]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
ကဏ္ဍ:
No comments:
Post a Comment