ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ် တစ်ခုစီ ကို
ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်က နှစ်စဉ်ရွေးချယ် သတ်မှတ်ပေးကြောင်း၊ ယခုနှစ်
အတွက် ဆောင်ပုဒ်မှာ “ သဘာဝ ပတ်ဝန်းကျင် ထာဝစဉ် တည်တံ့ရေး၊ သစ်တောများကို ထိန်းသိမ်းပေး
‘Forest : Nature at Your Service’ ဟု သတ်မှတ်ထားကြောင်း၊ ထို့အပြင် ကုလသမဂ္ဂက ၂ဝ၁၁
ခုနှစ်ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနှစ် ( International Year of Forests ) အဖြစ်
သတ်မှတ်ထားသည့် အတွက် အပြည်ပြည်ဆိုင်ရာ သစ်တောများနှစ်ကို အထောက်အကူပြုသည့် အနေဖြင့်
ဤဆောင်ပုဒ်ကို သတ်မှတ်ထားခြင်းလည်း ဖြစ်ကြောင်း။ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ
သစ်တောများ ပြုန်းတီး ပျက်စီးမှုကြောင့် ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေ ယိုယွင်းမှု၊ သစ်တောသစ်ပင်ကို
အမှီပြု အသက်မွေး ဝမ်းကျောင်းပြုနေကြသော ကမ္ဘာ့လူဦးရေ သန်းပေါင်း ၁၆ဝဝ အတွက် စိုးရိမ်ဖွယ်ရာအခြေအနေကို
တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် အာရုံစိုက်လာစေရန်နှင့် ဝိုင်းဝန်းပူးပေါင်း ကာကွယ်သွားကြရန်
အထူးလိုအပ်နေပြီဖြစ်ကြောင်း နှိုးဆော် တိုက်တွန်း ထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း။သစ်တောများသည်
မိမိတို့လူသားများ အတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အပန်းဖြေနားနေရေး၊ ရေ-မြေ
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတု ညီညွတ်မျှတရေး၊ ဇီဝမျိုးစုံ ထိန်းသိမ်းရေးနှင့်
ကြွယ်ဝရေး၊ စားနပ်ရိ က္ခာ ဖူလုံရေး အစရှိသည့် လူမှုစီးပွား ဆိုင်ရာကိစ္စရပ်များအတွက် များစွာ
အရေးပါလှကြောင်း၊ ဤကဲ့သို့ သစ်တော များ၏ ဝန်ဆောင်မှုများသည် မရှိမဖြစ် အရေးပါကြောင်း
သဘောပေါက်နားလည်ပြီး မိမိတို့ တစ်ဦးချင်းစီ၏ ဆောင်ရွက်မှုများက သစ်တောများအပေါ် ဆိုးကျိုးများ
မဖြစ်ပေါ်ရလေအောင် သတိပြုရန်လိုကြောင်း၊ လူသားများအတွက် သစ်တောသစ်ပင်များမှ အခမဲ့ ဝန်
ဆောင်ပေးနေသော သဘာဝထောက်ပံ့မှု စနစ် ပျောက်ကွယ်ပြီး သက်ရှိလောက ရှင်သန်ရပ်တည်နိုင်ရန်
မသေချာမရေရာသော အခြေအနေ အထိ ရောက်ရှိလာ သည့်အတွက် ကမ္ဘာ့တစ်ဝန်းရှိ သစ်တော သစ်ပင်အားလုံးကို
မိမိတို့သက်ဆိုင်ရာ နိုင်ငံများ အလိုက်၊ ကမ္ဘာ့နိုင်ငံများ အသီးသီးက ဝိုင်းဝန်းပူးပေါင်းပြီးတက်ညီလက်ညီ
ထိန်းသိမ်းကာကွယ်သွား ကြရန် လိုအပ်နေပြီဖြစ်ကြောင်း။ယခုအခါ ကုလသမဂ္ဂပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်က
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုသည့်
အဓိက ကဏ္ဍ (၃)ခု စလုံးကို ကျယ်ကျယ်ပြန့်ပြန့်ပေါင်းစပ် ဆောင်ရွက်နိုင်ရန် (Green
Economy) ခေါ်သော ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု မရှိသည့် စီးပွားရေးလုပ်ငန်းကို အင်နှင့်
အားနှင့်ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်း ထားပြီး လိုအပ်သော နည်းပညာ အကူအညီ၊ ပံ့ပိုးမှုများပေးနိုင်ရန်
စီစဉ်ဆောင် ရွက်နေပြီ ဖြစ်ကြောင်း။
လူသားတို့သည် ဥပဒေဖြင့်ထိန်းသိမ်းမှုမရှိက သစ်တောများ၏အဆိုးရွားဆုံးသောရန်သူများဖြစ်ကြပေသည်။
စည်းမဲ့ကမ်းမဲ့ သစ်တောများကို ခုတ်လှဲခြင်းဖြင့် သစ်တောများကို ပြုန်းစေသည်သာမက တိုက်ရိုက်သော်၄င်း၊
သွယ်ဝိုက်၍သော်၄င်း၊ အခြားနည်းအမျိုးမျိုးဖြင့်လည်း သစ်တောများကို ဖျက်စီး နေကြလေသေးသည်။
မြန်မာနိုင်ငံ၌ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း၊ ထုံးနှင့်မီးသွေးဖုတ်ခြင်း၊ အိမ်သုံးထင်းခုတ်ခြင်း၊
တိရစ္ဆာန်ထိန်းကျောင်းမှု များပြားခြင်းတို့ကြောင့်လည်း သစ်တောများ ပြုန်းတီးခဲ့ရသည်။
ထုံး ဖုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း စသည့်လုပ်ငန်းများအတွက်၄င်း၊ အိမ်သုံးအတွက်၄င်း ထင်းအမြောက်
အများကိုအသုံးပြုကြရာ ထင်းရရန်အတွက် သစ်ပင်များကို စည်းကမ်းမဲ့ ထုတ်ထွင် ကြလေသည်။ နှစ်
ကာလကြာမြင့်စွာ အချိန်ယူ၍ ပေါက်ရောက်ခဲ့ရသော သစ်ပင်များသည် တစ်ရက်နှစ်ရက်အတွင်း ပျက်စီးကြရသည်။
ကမ္ဘာပေါ်တွင်
သစ်တော ပြုန်းတီးမှုမှာ ဘရာဇီး၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံတို့ ပြီးပါက
နံပါတ်လေး နေရာတွင် ရှိနေကြောင်း ကမ္ဘာ့ သစ်တောများ လေ့လာ စောင့်ကြည့် နေသည့်
Global Witness အဖွဲ့က ထုတ်ပြန်သည်။ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်
စိုက်ပျိုးရေးအဖွဲ့ကြီး၏နောက်ဆုံး အစီရင်ခံစာ အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်
သဘာဝကျွန်းသစ် တောများ ပိုင်ဆိုင် သည့် လက်ကျန် လေးနိုင်ငံအနက် အများဆုံးပိုင်ဆိုင်
သည့် နိုင်ငံဖြစ်သည်။သို့သော် လည်း အိန္ဒိယ၊ ထိုင်း၊ လာအိုနိုင်ငံ များတွင်
ကျွန်းထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး ကမ္ဘာ့ကျွန်းသစ် ၅၀
ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားသည့် မြန် မာနိုင်ငံကမူ ကျွန်းသစ် ဆက်လက် ထုတ်နေသည်။
ကမ္ဘာ့သစ်တောများ လေ့လာ စောင့်ကြည့်နေသည့် Global Witness အဖွဲ့ကြီး၏ ၂၀ဝ၅
ခုနှစ်တွင်ထုတ်ဝေခဲ့သော အစီရင်ခံစာတွင် က ချင်ပြည်နယ်အတွင်းရှိ မြန်မာ သစ်များ
တရုတ်နိုင်ငံသို့ အကြီး အကျယ်ခိုးထုတ်ခဲ့ပြီး မြန်မာ့သစ် တော ၁၈ ရာခိုင်နှုန်းမှာ
၁၉၉၀- ၂၀ဝ၅ အကြား ပျောက်ကွယ်သွား ကြောင်းဖော်ပြခဲ့သည်။အစီရင်ခံစာ ထွက်အပြီး တရုတ်နိုင်ငံဘက်မှ
တရားမဝင် သစ် တင်သွင်းမှုကို တားဆီး အရေးယူခဲ့သဖြင့် မြန်မာ့ သစ်တော ပြုန်းတီးမှု
အရှိန်နှုန်းကျ သွားခဲ့သည်။ သို့သော် ပြီးခဲ့သည့် ၃ နှစ်အတွင်း မြန်မာဘက်မှ တင်
သွင်းလာသည့် သစ်လုံး တန်ချိန် နှစ် သိန်းခုနစ်သောင်း၊ ကြိတ်ခွဲပြီး သစ် တန်ချိန်
တစ်သိန်း ခုနစ်သောင်း ကုဗမီတာကို တရုတ် နိုင်ငံယူနန် နယ်ထဲတွင် တွေ့ရကြောင်း၊
၎င်းသစ် များ၏၁၀ ပုံ ၉ ပုံမှာ တရားမဝင် သစ်များဖြစ်ကြောင်း Global Witness အဖွဲ့က
အစီရင် ခံထားသည်။သစ်တောများပြုန်းတီးမှုမှာ လူနေထိုင်ရန်အတွက် နေရာနှင့်
စိုက်ပျိုးမြေများ တိုးချဲ့ခြင်း၊ ထင်း၊ မီးသွေးအတွက် အသုံးပြုခြင်း၊ သစ်ကို
စီးပွားဖြစ် ထုတ်လုပ်ခြင်း၊ ပုစွန်ကန်များ တိုးချဲ့ပြုလုပ်ခြင်း၊
တောမီးလောင်ခြင်း၊ စားအုန်းဆီ ထုတ်လုပ်ခြင်း၊ လမ်းဖောက်ခြင်း၊
တိရစ္ဆာန်စားကျက်ချခြင်းကြောင့် ဖြစ်ပြီးအထူးသဖြင့် နယ်စပ်ဒေသ များတွင်
သစ်တောပြုန်းတီးမှုများ ပိုမိုမြင့်တက်နေကာ တရုတ်နိုင်ငံ နယ်စပ်နှင့်
ထိုင်းနိုင်ငံနယ်စပ်တို့တွင် အဓိကဖြစ်ပေါ်နေကြောင်း သစ်တော ပညာရှင်များက
ဆိုသည်။သစ်တောဦးစီးဌာန အဆိုအရ သစ်တောသယံဇာတ အရင်းအမြစ် များရေရှည်တည်တံ့ရန်အတွက်
အမျိုးသားသစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို နှစ် ၃၀ စီမံကိန်း ထားရှိကာ
အဖွဲ့ရှစ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်နေသည်။ပူးပေါင်း ဆောင်ရွက်နေသည့်
အဖွဲ့များမှ ဂျပန်နိုင်ငံအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊
ဂျပန်နိုင်ငံအပြည်ပြည် ဆိုင်ရာသစ်တော လုပ်ငန်းများ မြှင့်တင်ရေးနှင့် ပူးပေါင်း
ဆောင်ရွက် ရေးဗဟိုအဖွဲ့၊ ကုလသမဂ္ဂပတ်ဝန်း ကျင် အစီအစဉ်အဖွဲ့၊ ကုလသမဂ္ဂ
စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ သစ်နှင့် ပတ်သက်သည့်
အဖွဲ့အစည်း၊ အမျိုး သားဇီဝသယံဇာတ အရင်းအမြစ် ဌာန၊ ကိုရီးယား သစ်တော ဌာနနှင့်
ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ တို့
ဖြစ်သည်။ယင်းစီမံကိန်းကို ၂၀ဝ၁ခုနှစ် မှ ၂၀၃၀ ခုနှစ်အထိ နှစ်၃၀စီမံ ကိန်းထားရှိကာ
နှစ်ရှည်၊ နှစ်လတ်၊နှစ်တိုစီမံကိန်းများရေးဆွဲပြီး အ ကောင်အထည်ဖော်ဆောင်ရွက်နေ
ကြောင်း၊ စီမံကိန်းလုပ်ငန်းများမှာ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဒီ ရေတောများပြန်လည်စိုက်ပျိုးရေး စီမံကိန်း၊ ကမ္ဘားနီး
ဒေသခံ သစ်တော တည်ထောင်ခြင်းလုပ်ငန်းစီမံကိန်း၊ နိုင်ငံအဆင့်ဇီဝမျိုးစုံ
မျိုးကွဲမဟာ ဗျူဟာနှင့် လုပ်ငန်းဆောင်ရွက်မှု စီမံချက်ရေးဆွဲရေးစီမံကိန်းတို့ဖြစ်
သည်။
လယ်ယာသုံး တိရိစ္ဆာ န်များအတွက် စားကျက်မြေများ တိုးချဲ့ခြင်း၊
သစ်ထုတ်လုပ် ခြင်း၊ ခုတ်ထွင် မီး ရှို့ စနစ် အသုံးပြုခြင်းများ ကြောင့် ယခုအခါ မဒါဂတ်စကာ
၏ နဂိုမူလ သဘာဝ တောရိုင်းမြေ ၁၇ ရာခိုင်နှုန်း သာ ကျန်ရှိ တော့သည်။
အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ဘော်နီယို မိုးသစ်တောများသည်
၁၉၉၇ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အကြားတွင် တစ်နှစ်ကို သစ်တော ဟတ်တာ ၁ ဒသမ ၂၁ သန်းနီးပါး
ပျက်စီးဆုံး ရှုံးခဲ့ ကြောင်း သိရသည်။
၁၉၉၅ မှ ၂၀၀၄ ကြား ကာလတွင် ပထမအဆင့် တားမြစ်ခြင်းကို အသက်သွင်းသည်။ဘရာဇီး
သစ်တော ဥပဒေအရ အမေဇုန် မိုးသစ်တော တွင်းရှိ စိုက်ပျိုးမြေ များသည် မြေယာ၏ (၈၀) ရာခိုင်နှုန်းကို
သစ်တော အတွက် ချန်ထားရမည်ဟု သတ်မှတ်ခဲ့သည်။
မြန်မာနိုင်ငံသည်
ဘင်္ဂလားဒေ့ရှ် နိုင်ငံလောက် အရေအတွက်အရ မုန်တိုင်းများများစားစား မကျရောက်ခဲ့ပါ။ ထူးခြားသည့်
သမိုင်းဝင် နာဂစ်မုန်တိုင်း (၂၀၀၈) နှင့် ဂီရိမုန်တိုင်း (၂၀၁၀) သာ စာရေးသူ သိမီပါသည်။
ဇယား ၂ ကို လေ့လာကြလျှင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၁၉၇၀ နှင့် ၁၉၉၁ မုန်တိုင်းတွင် အသေအပျောက်
စံချိန်တင်ခဲ့ပြီး နောက်ပိုင်း မုန်တိုင်းများတွင် လျော့နည်းလာပြီး ၂၀၀၁ မုန်တိုင်းတွင်
အသေအပျောက် အနည်းဆုံး ရှိခဲ့ပါသည်။ စာရေးသူ လေ့လာမှတ်သား ချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏
ဘေးအန္တရာယ် လျော့ပါးရေး အစီအမံနှင့် ရင်ဆိုင်တုံ့ပြန်ရေး လုပ်ငန်းများ တိုးတက်ကောင်းမွန်လာ၍
ဖြစ်ပါသည်။ စာရွက်ပေါ်တင် မဟုတ်ဘဲ အောက်ခြေ ပြည်သူလူထု ထိရောက်အောင် တက်လှမ်းနိုင်ခဲ့၍
ဖြစ်သည်။ နောက်အာရှ ကျွန်းနိုင်ငံ တစ်ခုဖြစ်သော ဖိလစ်ပိုင်သည် နှစ်စဉ်မုန်တိုင်း ၂၀
ခန့် ၀င်ရောက်လေ့ရှိပြီး လေးငါးခုသည် ဖျက်အားပြင်းအဆင့် ရှိပါသည်။ သို့သော် မည်သည့်
အကြောင်းကြောင့် ကမ္ဘာမှာရော အာရှမှာပါ မုန်တိုင်းနှင့် ရေကြီးမှုတို့ကြောင့် အသက်ဆုံးရှုံးမှု
ထိပ်ဆုံးစာရင်းတွင် ဖိလစ်ပိုင်နိုင်ငံသည် မပါဝင် ပါသနည်း။ စိတ်ဝင်စား စရာပါ။ သူတို့၏
အစိုးရနှင့် ပြည်သူတွေ ဘယ်လိုပြုမူ နေထိုင်ကြသလဲ၊ ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြသလဲ မြန်မာနိုင်ငံ
အနေဖြင့် လေ့လာဖို့ အလွန်ကောင်းပါသည်။
ယနေ့ခေတ်တွင်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် အလွန်အရေးကြီးသော အမျိုးသားရေးတာ ၀န်တစ်ရပ်ဖြစ်လာပြီဖြစ်ကြောင်း၊
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ခြင်းသည် လူသားများကြောင့် ပင်ဖြစ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို
လူသားများကသာ ပြန်ပြီးကာကွယ်စောင့်ရှောက်သင့်သည်
No comments:
Post a Comment