လိုအပ်သူများအတွက်

အလွယ်တကူရှာဖွေ ဖတ်ရှုနိုင်ရန်အတွက် အင်တာနက်မှ ရှာဖွေစုစည်းထားခြင်းဖြစ်ပါသည်။ မိမိကိုယ်တိုင်ရေးသားချက်များမဟုတ်ကြောင်း ၀န်ခံပါတယ်။

Friday, September 12, 2014

မှော်ဆရာ နဲ့ နှင်းဆီ

နှင်းဆီ
မနီနဲ့ ... ။

ရွက်နုသစ်
မဖြစ်နဲ့ ... ။

မွှေးရနံ့
မပျံ့နဲ့ ... ။

မာယာပဉ္စလက်
ဥာဏ်နီ ဥာဏ်နက်
မှော်ဆရာရဲ့ လက်တွေဟာ
နှင်းဆီခက်တွေပေါ်မှာ
တစ်ညလုံး ... ။

နံနက်ခင်း
ပြတင်းတံခါးကို အဖွင့်
နှင်းဆီပွင့်ပင်လယ်ဟာ
မယုံကြည်နိုင်စရာ
မှော်ဆရာကို ဖုံးလွှမ်းသွားပါပေါ့ ... ။

( ၁၃.၃.၂၀၁၃ နေ့ထုတ် News Watch ဂျာနယ်တွင် ပါရှိသော ''သရ၀ဏ်(ပြည်)"' ၏ "ဒေါ်အောင်ဆန်းစုကြည်အတွက် မပေးဖြစ်လိုက်သော ပန်းစည်းတစ်စည်း" ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ )

No comments:

Post a Comment