လူရာ
လင်းနစ် (မြေဆီလွှာ သိပ္ပံပညာပါရဂူ၊ ဝရမ်ဝေလ်စင် ကောလိပ်ရှိ ရေရှည်တည်တံ့သော
စိုက်ပျိုးရေးဌာန၏ ဒါရိုက်တာ) သည် ဘလက်မောင်တိန် လူထုဥယျာဉ်ရှိ
ဆွေးနွေးတင်ပြမှု တစ်ခုတွင် မြေဆီလွှာ ကျန်းမာရေး အတွက် အောက်ပါ အခြေခံ
အလေ့အကျင့် လေးခုကို မျှဝေသွားခဲ့ပါသည်။
မြေကြီးကို ဖုံးအုပ်ထားပါ
မြေကြီးမျက်နှာပြင်ကို ကောက်ရိုး၊ သစ်ရွက်များ စသော သေဆုံးနေသော မြေဖုံးပစ္စည်း များဖြင့် ဖုံးအုပ်ထားပါ။ သို့မဟုတ် အရွက်ရင့်များ တစ်ရွက်နှင့် တစ်ရွက် ယှက်နေစေရန် အပင်များကို စိပ်စိပ်စိုက်ခြင်း အားဖြင့် ရှင်သန်နေသော မြေဖုံး ပင်များကို စိုက်ပျိုးထားပါ။ အရွက်များသည် ကာဘွန် များကို ဖမ်းယူနိုင်သကဲ့သို့ အလင်းမှီ အစာချက်ခြင်းကို ပိုမိုအကျိုးရှိစေသလို ပေါင်းစေ့များ အပင်ပေါက်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း ရှင်းလင်းပြပါသည်။
တက်နိုင်သလောက် မနှောက်ယှက်ပါနှင့်
ထွန်ယက်ခြင်းက မြေဆီလွှာ ကျန်းမာရေးကို သိသိသာသာ နှောက်ယှက်ပါသည်။ ထိုသို့ နှောက်ယှက်ခြင်းသည် ပေါင်းစေ့များကို အပင်ပေါက်ရန် အားပေးပါသည်။ ထို့ပြင် မြေဆီလွှာထဲရှိ ဘီလီပေါင်းများစွာသော သက်ရှိအဏုဇီဝ ပိုးများကို ဖျက်ဆီးသလို အပင်အဟာရဓာတ်များ၏ သံသရာကိုလည်း အနှောက်အယှက်ပြုပါသည်။
မှန်ကန်သောအလွှာကို အပေါ်တွင်ထားပါ
ကျန်းမာသော မြေဆီလွှာသည် အပေါ်ယံ ၃ - ၆ လက်မတွင် လေလိုအပ်သော ဘက်တီးရီးယား များဖြင့် ပြည့်နှက်နေပြီး မြေကြီးအောက် နက်လာလေလေ လေမဲ့ ဘက်တီးရီးယားများ ပိုများ လာလေလေ ဖြစ် ပါသည်။ ကောင်းမွန်သော မြေကြီး ထမင်း စားဇွန်း တစ်ဇွန်းလျှင် အဏုဇီဝ သက်ရှိပေါင်း ၁ ဘီလီယံ ရှိပါသည်။ ယေဘူယျအားဖြင့် ကျွန်တော်တို့အနေဖြင့် လေလိုအပ်သော ဘက်တီးရီးယားတို့၏ ပတ်ဝန်းကျင်ကို မြှင့်တင်ပေး လိုကြောင်း လင်းနစ်က ပြောခဲ့သည်။ ကျွန်တော်တို့ အနေဖြင့် လေလိုသော ဘက်တီးရီးယားမှ လေမဲ့ ဘက်တီးရီးယား ပတ်ဝန်းကျင် ပါဝင်မှု အနေအထားကို ထိန်းသိမ်းထားလိုပါသည်။ မြေကြီးကို လှန်လိုက်သောအခါ အဏုဇီဝ သက်ရှိများစွာ ရှင်သန်သော အပေါ်ယံမြေဆီလွှာသည် သေသွားပြီး ယင်းသေဆုံးမှုသည် ပြန်လည် စုစည်း အသက်ရှင်နိုင်ရန် အချိန်အတိုင်းအတာ တစ်ခုထိ လိုအပ်ပါသည်။
အမျိုးအစား စုံလင်သော သြဂဲနစ်ပစ္စည်းများ ထည့်သွင်းပါ
အခြားတစ်နည်းအနေဖြင့် ကျွန်ုပ်တို့ကဲ့သို့ မြေဆီလွှာသည်လည်း မျှတသော အစားအစာ လိုအပ်ပါသည်။ မြေဆီလွှာအတွက် ကာဘွန်ကြွယ်ဝသော မြေသြဇာ၊ မြေဆွေး၊ ပဲနှင့် နှံစား ၇၀း ၃၀ အချိုး အရောကဲ့သို့သော နိုက်ထရိုဂျင်နှင့် ကာဘွန်ကြွယ်ဝသော မြေဖုံးသီးနှံများ ထည့်ပေးရန် လိုအပ်ပါသည်။
ကျန်းမာသော မြေဆီလွှာသည် သင့်ဥယျာဉ်၏ ရှင်သန်သော စနစ်ဖြစ်ပါသည်။ ထိုမြေဆီလွှာသည် မြေအောင်းရောဂါများကို လျှော့ချနိုင်ပြီး အကျိုးပြုအဏုဇီဝများအတွက် ကောင်းမွန်လှသော ခိုလှုံရန် အိမ် တစ်ဆောင် ကို ထောက်ပံ့ပေး ထားပါသည်။ ဤသို့ဖြင့် အကျိုးပြုအဏုဇီဝများကို အကာအကွယ်ပေးပြီး အဟာရများကို ထုတ်လုပ်ပေးသည့်အပြင် အန္တရာယ်ဖြစ်စေသည့် အရာများကို ဖယ်ရှားပေးပါသည်။ ကျန်းမာသောမြေဆီလွှာတွင် ရေ လေ ခိုနိုင်သော နေရာလွတ် ၅၀% ရှိပါသည်။ ထွန်ယက်ခြင်း အနည်းငယ် ပြုလုပ်ပေးခြင်းဖြင့် မြေကြီးတွင် ရေထိန်းနိုင်စွမ်းကို တိုးမြှင့်ပေးပါသည်။ အထက်ပါ ရိုးရှင်းသော အလေ့အကျင့်များကို လိုက်နာခြင်းအားဖြင့် သင့်မြေဆီလွှာသည် လူ့ကျန်းမာရေး အတွက် အရေးပါလှသော ကျန်းမာသန်စွမ်းသော အပင်များကို ထုတ်လုပ်ပေးမှာ ဖြစ်ပါသည်။
REF : A Growing Culture
ဘာသာပြန်ဆိုသူး သိန်းစိုးမင်း
ရရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးရေးဟာကောင်းမွန်တဲ့လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုအတွက်ယာဉ်တစ်ခုအဖြစ်NEEDကစဉ်းစားတွေးခေါ်ခဲ့ပါတယ်။လက်ရှိအချိန်မှာကမ္ဘာနှင့်အဝှမ်းအထူးသဖြင့်မြန်မာနိုင်ငံမှာအဓိကစိုက်ပျိုးရေးလုပ်ငန်းနှင့်သက်ဆိုင်သောလက်တွေ့လုပ်ဆောင်မှုတွေဟာဖျက်ဆီးခြင်း၊သစ်တောများပြုန်းတီးခြင်း၊မြေဆီလွှာပျက်ဆီးခြင်း၊လေနှင့်ရေထုညစ်ညမ်းခြင်းတွေဘဲဖြစ်နေပါတယ်။
မွေးမြူရေးလုပ်ငန်းများမှာဓာတုပစ္စည်းများဖြစ်သောနိုက်ထရိုဂျင်ဓာ တ်မြေသြဇာ၊ဖျက်ဆီးတတ်သောပိုးမွှားများနှင့်ပဋိဇီဝများကိုအတူတကွအလွန်အကျွံအသုံးပြုခြင်းဟာသဘာဝပတ်ဝန်းကျင်နဲ့သက်ရှိများကိုအဆိပ်အတောက်ဖြစ်စေပါတယ်။ဒီအရာတွေကဆင်းရဲတဲ့လယ်သမားတွေအတွက်ထုထည်ကြီးမားပြီးအဆုံးမရှိတဲ့အကြွေးသံသရာကိုဖြစ်ပေါ်လာစေပါတယ်။စီးပွားရေးစနစ်ခိုင်မာမှုမရှိတဲ့မြန်မာပြည်ထဲမှာလယ်သမားတွေဟာမှောင်ခိုဈေးကွက်ပေါ်မှအလွန်မြင့်မားတဲ့နှုန်းထားနဲ့ချေးငွေများကို ယူပြီးသီးနှံတစ်မျိုးထဲစိုက်ပိျုးခြင်းမှာဝယ်ယူထည့်သွင်းရပါတယ်။အလုပ်လက်မဲ့နှုန်းထားမြင့်မားလွန်းတဲ့မြန်မာနိုင်ငံမှာလူငယ်မျိုးဆက်တွေဟာဆင်းရဲမွဲတေမှုဒဏ်ကိုကျေးလက်တောရွာအထိသိရှိကြုံတွေ့နေရပြီးသူတို့ရဲ့မိသားစုနဲ့လယ်ယာလုပ်ငန်းတွေကိုစွန့်ပစ်ထားပြီးအနီးဆုံးမြို့သို့မဟုတ်အခြားနိုင်ငံများသို့အလုပ်ရှာဖို့ရန်အတွက်ပြောင်းရွှေ့လာပါကြပါတယ်။
အဆုံးမရှိတဲ့ဒီဆင်းရဲမွဲတေမှုတိုက်ပွဲစက်ဝိုင်းမှာNEEDMyanmarအနေနဲ့မြန်မာနိုင်ငံအတွင်းနေထိုင်နေတဲ့လူမှုအသိုင်းအဝိုင်းများအတွက်ရေရှည်တည်တံ့ခိုင်မြဲတဲ့နည်းလမ်းကိုဦးဆောင်တဲ့စိုက်ပျိုးရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုစနစ်ကိုတိုးမြငှ့်လာစေရန်လက်တွေ့လုပ်ဆောင်ပေးနေပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးရေးဆိုသည်မှာ”ကောင်းမွန်သောပတ်ဝန်းကျင်အခြေအနေ၊စားရိတ်သက်သာစွာရှင်သန်နိုင်မှု၊တရားမျှတသောလူမှုအသင်းအဖွဲ့၊သင့်လျော်သောပြုစုပျိုးထောင်မှုနှင့်သိပ္ပံပညာနှင့်ဆိုင်သောချဉ်းကပ်မှုအပေါ်လုံးလံုးလျားလျားအခြေခံမယ်လို့”၁
ကျွန်တော်တို့်ယုံကြည်ထားပါတယ်။
NEEDBurmaမှာပြင်ပဖြည့်သွင်းခြင်းများကိုအနည်းဆုံးဖြစ်အောင်အနီးအနားမှရနိုင်သောအရာများကိုအသုံးပြုခြင်း၊အခြေခံကုန်ပစ္စည်းများကိုတတ်နိုင်သလောက်အသစ်ပြန်လုပ်ခြင်းများအားသင့်လျော်သောနည်းပညာလမ်းကြောင်းတလျှောက်မှာအသုံးပြုပါတယ်။ကျွန်တော်တို့စံပြလယ်ယာတီထွင်လုပ်ဆောင်မှုကျောင်းကနေလူငယ်များကိုသူတို့ရဲ့ဒေသပတ်ဝန်းကျင်ဆီသို့ကိုယ်ပိုင်လုံလောက်မှုနှင့်သူတို့မိသားစုနဲ့ရပ်ရွာနေထိုင်မှုပတ်ဝန်းကျင်မှာခိုင်မာသောဝင်ငွေအရင်းအမြစ်ရရှိနိုင်ဖို့အတွက်လေ့ကျင့်ပေးပြီးအတူတကွလုပ်ဆောင်ပေးနေပါတယ်။ NEEDရဲ့စံပြလယ်ယာမြေမှာပါဝင်သောရေရှည်တည်တံ့ခိုင်မြဲသောလယ်ယာလုပ်ငန်းလုပ်ဆောင်မှုများမှာ-
၁။ကောက်နုတ်ချက်၊NGO Sustainable Agriculture Treaty.Global Forum at Rio De Janeiro.June 1-15,1992. ရရှိနိုင်သောနေရာ၊http://habitat.igo.org/treaties/at.20.htm.

- ဓာတုပစ္စည်းထည့်သွင်းမှုမပါသောသဘာဝလယ်ယာစိုက်ပျိုးမှု
- ပေါင်းပင်၊ရောဂါများ၊အင်းဆက်ပိုးမွှားများနှင့်အခြားဖျက်ဆီးတတ်သောပိုးမွှားများလျှော့နည်းသောသီးနှံလည်ပတ်မှု
- ဆန်းသစ်သောနိုက်ထရိုဂျင်မြေဆီလွှာရဲ့အရင်းအမြစ်ကိုထောက်ပံ့ပေးသောမြေဆီလွှာထိန်းသိမ်းမှုနည်းလမ်းများ၊မြေဆီလွှာဖျက်ဆီးမှုလျော့ချခြင်းနှင့်ဓာတုပစ္စည်းသုံးစိုက်ပျိုးနည်းတွေကြောင့်ဖြစ်ပေါ်လာသောရေထုညစ်ညမ်းမှုကိုလျော့နည်းစေခြင်း
- ဖျက်ဆီးတတ်သောပိုးမွှားထိန်းချုပ်ရေးနည်းလမ်းများနှင့်အဲဒီနည်းလမ်းများသည်သဘာဝနည်းလမ်းများ၊လယ်သမားများ၊အိမ်နီးနားချင်းများ(သို့)စားသုံးသူများကိုထိခိုက်မှုမရှိစေခြင်း၊ဒီအရာထဲမှာတစ်ခုတည်းဖြစ်ရန်ပေါင်းထည့်ထားသောဖျက်ဆီးတတ်သောပိုးမွှားစီမံခန့်ခွဲမှုနည်းလမ်းတွေကစောင့်ကြည့်လေ့လာမှုလုပ်ငန်းတလျှောက်မှာပိုးသတ်ဆေးလိုအပ်မှုကိုလျော့ချစေခြင်း၊ဖျက်ဆီးမှုဒဏ်ကိုခံနိုင်ရည်ရှိသောအပင်စိုက်ပျိုးမှု၊အပင်စိုက်ပျိုးမှုအတွက်မှန်ကန်သောအချိန်နှင့်ဇီဝဗေဒနှင့်ဆိုင်သောဖျက်ဆီးတတ်သောပိုးမွှားထိန်းချုပ်မှုစသည်တို့ဖြစ်ပါတယ်။
- လက်ထိုး/ဇီဝဗေဒဆိုင်ရာပေါင်းပင်ထိန်းချုပ်မှုမြှင့်တက်စေခြင်း၊ရေနှင့်မြေဆီလွှာထိန်းသိမ်းစောင့်ရှောက်မှုလက်တွေ့လုပ်ငန်းများပိုများပြားခြင်းနှင့်တိရစ္ဆာန်နဲ့နွားချေးစိမ်းအသုံးပြုခြင်းနည်းလမ်းများ
၁။ကောက်နုတ်ချက်၊NGO Sustainable Agriculture Treaty.Global Forum at Rio De Janeiro.June 1-15,1992. ရရှိနိုင်သောနေရာ၊http://habitat.igo.org/treaties/at.20.htm.
အင်တာနက်မှရှာဖွေစုစည်းထားသည်။.
No comments:
Post a Comment