ရော့ကီးတောင်တန်းများသည်
အမေရိကန်ပြည်ထောင်စု
နှင့် ကနေဒါနိုင်ငံ တွင်
ရှိသော တောင်တန်းများ ဖြစ်သည်။ ရော့ကီး တောင်တန်းများသည် အလာစကာ အနောက်မြောက်ဖက်မှ
နယူးမက္ကဆီကို အထိ ဖြန့်ကျက် တည်ရှိပြီး မိုင်ပေါင်း ၃၀၀၀ကျော် (၄၈၀၀
ကီလိုမီတာကျော်) ရှည်လျားသည်။ ရော့ကီးသည် ပြတ်ရွေ့များ အချင်းချင်း
တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော တွန့်ခေါက်တောင်တန်းများ ဖြစ်သည်။
ရော့ကီးတောင်တန်းများသည် အနည်ကျကျောက် များဖြင့်
ဖွဲ့စည်းထားသည်။ ရော့ကီးတောင်တန်းများတွင် အမြင့်ဆုံး တောင်ထိပ်မှာ အဲလ်ဘတ်တောင်ထိပ်ဖြစ်ပြီး
ပင်လယ် ရေမျက်နှာပြင်ထက် ၁၄,၄၄၀ ပေ(၄၀၄၁ မီတာ) မြင့်ကာ အမေရိကန် နိုင်ငံ ကော်လိုရာဒို ပြည်နယ်
တွင် တည်ရှိသည်။
မြောက်အမေရိကတိုက်
အနောက်ပိုင်းတွင် တောင်ကြီး တောင်ငယ် အသွယ်သွယ် နှင့် ဆီးနှင်းမပြတ် ဖုံးနေသော
တောင်ထွတ်များပါဝင်သည့် တောင်တန်းရှည်ကို ရော့ကီး တောင်တန်းဟု ခေါ်သည်။
ရော့ကီးတောင်တန်းသည် တောင် ဘက်တွင် မက္ကဆီကိုနယ်စပ်မှ မြောက်ဘက်တွင် အလာစကာ
ပြည်နယ်အထိ မိုင်ပေါင်း ၂၂ဝဝ ခန့် ရှည်လျား၍ အချို့နေရာ များ၌ မိုင် ၁ဝဝ ကျော်
ကျယ်ပြန့်သည်။ ရော့ကီးတောင်တန်း နှင့် တောင်အမေရိကတိုက်ရှိ အန်းဒီးတောင်တန်းတို့သည်
တောင်ဘက် ဟွန်းအငူမှ မြောက်ဘက် အာတိတ်စက်ဝိုင်းအထိ ရှည်လျားသောတောင်စဉ်
တောင်းတန်း၌ အပါအဝင် ဖြစ်သည်။ ရော့ကီးတောင်တန်း တစ်လျှောက်တွင် အလွန်သာယာ သော
ရှုခင်းများရှိသဖြင့် အမေရိကန်ပြည်ထောင်စုရှိ အမျိုးသား ဥယျာဉ်ခြံကြီး
များစွာတို့ကို ထိုဒေသ၌ တွေ့ရသည်။ ယဲလိုး စတုန်း နေရှင်နယ်ပတ် နှင့်
ကော်လိုရားဒိုးပြည်နယ်ရှိ ရော့ကီး မောင်းတိန်းနေရှင်နယ်ပတ်တို့မှာ ထင်ရှား၏။
ကိုလမ္ပီးယားမြစ်၊ မိဇူးရီ မြစ်၊ အာကင်ဆောမြစ်၊ ကော်လိုရားဒိုးမြစ်နှင့်
ရီးအိုဂရန် ဒီမြစ်တို့သည် ရော့ကီးတောင်တန်းတွင် မြ
စ်ဖျားခံီကြသည်။
ရော့ကီးတောင်တန်း
တောင်ဘက်ပိုင်းတွင် မီးငြိမ်းတောင် များ ရှိသည်။ မြောက်ပိုင်းတွင် ရေခဲမြစ်
များစွာ ရှိလေသည်။ ကော်လိုရားဒိုးပြည်နယ်တွင် တောင်နှင့်မြောက် ပြိုင်တန်းလျက်
ရှိသော တောင်တန်းများစွာ ရှိသည်။ ထိုတောင်တန်းများ အကြား၌ မြက်ထူသော
ချိုင့်ဝှမ်းများ ရှိ၏။ ပေပေါင်း ၁၂ဝဝဝ ခန့်မြင့်သော တောင်စောင်းတွင်
တောင်ဆိတ်နှင့် သိုးများကို တွေ့ရသည်။ ရွှေ၊ ငွေ၊ ကြေးနီနှင့် ကျောက်မီး သွေး စသော
တွင်းထွက်သတ္တုများကို တူးဖော်ရရှိသည်။ မက္ကဆီကိုနိုင်ငံတွင် ရော့ကီးတောင်တန်းသည်
မက္ကဆီကို ပင်လယ်ကွေ့ ကမ်းစပ်မှ မတ်စောက်စွာ ထိုးထွက်ပြီးလျှင် မြောက်ဘက်သို့ နိမ့်ဆင်းသွားသည်။
၁၈၆၉၆ ပေရှိသော အိုရိဇာဗာတောင်ထိပ်သည် ထိုအပိုင်းတွင် အမြင့်ဆုံးတောင်ထိပ် ဖြစ်၏။
အမေရိကန်ပြည်ထောင်စုတွင်
ဝိုင်အိုးမင်းပြည်နယ်ရှိ ကုန်း ပင်မြင့်သည် ရော့ကီးတောင်တန်းကို တောင်နှင့်မြောက်
ပိုင်း ခြားထား၏။ တောင်ပိုင်းတွင်ရှိသော ရော့ကီးတောင်စဉ်စုမှာ
အမေရိကန်ပြည်ထောင်စု၌ အမြင့်ဆုံးနှင့် အကျယ်ပြန့်ဆုံး ဖြစ်သည်။
ကော်လိုရားဒိုးပြည်နယ်တွင် ပေ ၁၄ဝဝဝ ကျော် မြင့်သော တောင်ထိပ်များ ရှိသည်။
ထိုတောင်ထိပ်များအနက် ၁၄၄၃၁ ပေမြင့်သော အဲလဗတ်တောင်ထိပ်သည် ရော့ကီး တောင်တန်းတွင်
ကနေဒါနိုင်ငံရှိ လိုဂန်တောင်ထိပ်မှ လွဲလျှင် အမြင့်ဆုံးတောင်ထိပ် ဖြစ်သည်။ အနောက်
ဘက်စွန်းကျသော တက်ဆက်ပြည်နယ်၌မူ ပေ ၈ဝဝဝ ထက်မြင့်သော တောင် ထိပ်ဟူ၍ အနည်းငယ်မျှသာ
ရှိသည်။ ကုန်းပြင်မြင့်၏ မြောက် ပိုင်းတွင် ရော့ကီးတောင်တန်းသည်
အနောက်မြောက်ဘက်သို့ သွယ်တန်း လျက်ရှိပြီးလျှင် တောင်ပိုင်းအောက် အနည်းငယ် နိမ့်လေသည်။
ကနေဒါနိုင်ငံဘက်တွင်
မြင့်မားသော တောင်ထိပ်များ ပေါ၍ ဆီးနှင်းထူသည်။ ရေခဲမြစ်များစွာရှိသည်။ ပေ ၁၉၈၅ဝ
ရှိသော လိုဂန်တောင်ထိပ်သည် ရော့ကီးတောင်တန်းတွင် အမြင့် ဆုံး တောင်ထိပ်ဖြစ်သည်။
ကနေဒါနိုင်ငံ မြောက်ဘက်တွင် တောင်တန်းများ နိမ့်ဆင်းသွားရာ အလာစကာပြည်နယ် လွန်လျှင်
ဆီးနှင်းမပြတ် ဖုံးနေသော တောင်ကုန်းများကိုသာ တွေ့ရလေသည်။[၁]
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
No comments:
Post a Comment